Group တစ်ခုမဟုတ်၊ အားလုံးကို တစ်နေရာတည်းမှာ
ရွေးထားသော group နှင့် channel အားလုံးမှ ဗီဒီယိုများကို ဆက်ကြည့်ရန်၊ အသစ်များ၊ ဗီဒီယိုရှည်များ ဟူ၍ rail များအဖြစ် စီပေးသည်။
tgTV သည် Android TV နှင့် Android TV Box အတွက် Telegram ဗီဒီယို player ဖြစ်သည်။ သင်ဝင်ထားသော group နှင့် channel များထဲက ဗီဒီယိုများကို ရီမုတ်ဖြင့် ရွေးပြီး ချက်ချင်း ကြည့်နိုင်သည် — ဖိုင်တစ်ခုလုံး ဒေါင်းပြီးအောင် စောင့်စရာ မလိုပါ။
အခမဲ့။ အကောင့်အသစ် မလို၊ ဖုန်းနံပါတ် မလို။
1Telegram ဖြင့် တစ်ကြိမ်သာ ဝင်ပါ2ကြည့်လိုသော group များ ရွေးပါ3ရီမုတ်ဖြင့် ဗီဒီယို ရွေးပါ4ချက်ချင်း ကြည့်ပါ5Back နှိပ်၊ နောက်တစ်ပုဒ် ရွေးပါ6ဆက်ကြည့်ပါ
Android 6.0 နှင့်အထက် ရှိသော TV၊ Android box နှင့် TV stick တိုင်းတွင် အသုံးပြုနိုင်သည်။
X96၊ H96၊ MXQ၊ TX3၊ Mi Box S စသည့် ဖုန်းဆိုင်တိုင်းလိုလို ရောင်းသော box များ။ box ၏ ရီမုတ်ဖြင့်ပင် အပြည့်အစုံ သုံးနိုင်သည်။
Sony BRAVIA၊ TCL၊ Xiaomi၊ Skyworth စသော Android ပါပြီးသား smart TV များ။
Mi TV Stick၊ Chromecast with Google TV စသော HDMI stick များ။
Mouse မလို၊ keyboard မလို။ D-pad နှင့် OK ခလုတ်ဖြင့် အားလုံး ပြီးသည်။
ရွေးထားသော group နှင့် channel အားလုံးမှ ဗီဒီယိုများကို ဆက်ကြည့်ရန်၊ အသစ်များ၊ ဗီဒီယိုရှည်များ ဟူ၍ rail များအဖြစ် စီပေးသည်။
ဖိုင်အားလုံး ဆွဲပြီးမှ မကြည့်ရပါ — စက္ကန့်ပိုင်းအတွင်း စတင်သည်။ ရှေ့/နောက် ရွှေ့လိုက်လျှင် ဒေါင်းလုဒ်ကိုပါ အဲဒီအချိန်သို့ လှမ်းပြောင်းသည်။
ဘယ်ဘက်တွင် ရိုက်ရှာ၊ ညာဘက်တွင် ကြည့်လိုသော group နှင့် channel များကို အမှတ်အသား ပြုလုပ်ပါ။ D-pad အားလုံးအတွက် လုံလောက်သည်။
ဗီဒီယိုတစ်ပုဒ် ဆုံးသွားလျှင် နောက်တစ်ပုဒ်ကို Up Next ဖြင့် အသင့်ပြထားသည် — ရီမုတ် OK တစ်ချက်နှိပ်ရုံဖြင့် ဆက်ကြည့်နိုင်သည်။
ထွက်သွားလည်း မပျောက်ပါ — ဗီဒီယိုတိုင်း ရပ်ခဲ့သည့်နေရာကို မှတ်ထားပြီး နောက်တစ်ခါ ဖွင့်လျှင် ထိုနေရာမှပင် ဆက်စသည်။
tgTV 1.3.1 (build 6)။ ဘယ်ဖိုင်ယူရမလဲ မသေချာရင် universal ကို ယူပါ — ဘယ်စက်မဆို ရသည်။
Play Store တွင် မရှိပါ — APK ကို တိုက်ရိုက် ထည့်သွင်းရသည်။
tgtv.heinsoe.com ကို ရိုက်ထည့်ပါ၊ သို့မဟုတ် ဖုန်း/ကွန်ပျူတာဖြင့် ဆွဲပြီး USB flash drive ဖြင့် ကူးထည့်ပါ။ရသည်။ Android 6.0 နှင့်အထက် ရှိသော Android TV Box (X96၊ H96၊ MXQ၊ TX3၊ Mi Box စသည်) တိုင်းတွင် ထည့်သွင်းနိုင်ပြီး box ၏ ရီမုတ်ဖြင့်ပင် အပြည့်အစုံ သုံးနိုင်သည်။
မသေချာလျှင် universal ကို ယူပါ — ဘယ်စက်မဆို ရသည်။ ဖိုင်သေးစေချင်လျှင် Android box အများစုအတွက် armeabi-v7a၊ Android TV နှင့် Google TV အသစ်များအတွက် arm64-v8a ကို ယူနိုင်သည်။
မရှိပါ — APK ကို ဤစာမျက်နှာမှ တိုက်ရိုက် ဒေါင်းလုဒ်ဆွဲပြီး ထည့်သွင်းရသည်။ အပေါ်က ထည့်သွင်းပုံ အဆင့်များအတိုင်း လုပ်ပါ။
အခမဲ့ ဖြစ်သည်။ အကောင့်အသစ် ဖွင့်စရာလည်း မလိုပါ — သင့် Telegram အကောင့်နှင့်သာ ချိတ်သည်။
မလိုပါ။ ဖုန်း Telegram ၏ Settings → Devices → Link Desktop Device မှ QR scan ဖြင့် ချိတ်သည်။ 2-step verification password လည်း အသုံးပြုနိုင်သည်။
သင်ကိုယ်တိုင် ဝင်ထားသော Telegram group နှင့် channel များထဲမှ ဗီဒီယိုများ ဖြစ်သည်။ tgTV က ကိုယ်ပိုင် content မတင်ပါ။
အက်ပ်ဖွင့်တိုင်း ဗားရှင်းအသစ်ကို အလိုအလျောက် စစ်ပြီး WiFi ဖြင့် နောက်ကွယ်တွင် ဆွဲထည့်ပေးသည်။ tgTV ကို app install ခွင့် တစ်ကြိမ် ပေးထားရန် လိုပြီး Android 12 အောက် စက်များတွင် Install တစ်ချက် နှိပ်ပေးရသည်။
TV ဖွင့်၊ QR scan၊ ကြည့်ရုံပဲ။
APK ဒေါင်းလုဒ်ဆွဲရန်